back

ကရင်ပြည်နယ်မှ အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၃၁၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း

Nov 19 • 7:02 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်မှ အွန်လိုင်းလိမ်လည်မှုများတွင် ပါဝင်သည့် ပြည်ပနိုင်ငံသား ၃၁၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်၊(KK Park) နှင့် ကျောက်ခက်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့သော ပြည်ပနိုင်ငံသား ၃...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်၊(KK Park) နှင့် ကျောက်ခက်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုနှင့် လိမ်လည်မှုများ ကျူးလွန်ခဲ့သော ပြည်ပနိုင်ငံသား ၃၁၇ ဦး ကို နိုဝင်ဘာ ၁၈ ရက်နေ့တွင် မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။ ၎င်းတို့အထဲတွင် အိန္ဒိယနိုင်ငံသား ၂၆၉ ဦး၊ လာအိုနိုင်ငံသား ၃၁ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁၆ ဦးနှင့် တောင်ကိုရီးယားနိုင်ငံသား ၁ ဦး တို့ ပါဝင်သည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ နိုဝင်ဘာ ၁၈ ရက်အထိ မြန်မာနိုင်ငံမှ စုစုပေါင်း ၁၀,၈၄၀ ဦး ကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၎င်းတို့အနက် ၉,၈၅၃ ဦးကို ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကာ၊ ကျန်ရှိသော ၉၈၇ ဦးကိုလည်း လွှဲပြောင်းပေးရန် အသင့်အနေအထားဖြင့် ထိန်းသိမ်းထားကြောင်း သိရသည်။

news-view-count-icon

34