back

မြို့မတူရိယာအသင်းကြီး နှစ် ၁၀၀ ပြည့်အကြို မြို့မတေးသီချင်း အဆိုပြိုင်ပွဲ ဖိုင်နယ်ကို နိုဝင်ဘာ ၂၆ တွင် ကျင်းပမည်

Nov 19 • 7:01 AM

breaking-news

မြန်မာ

မန္တလေး

cover

မြို့မတူရိယာအသင်းကြီး နှစ် ၁၀၀ ပြည့်အကြို မြို့မတေးသီချင်း အဆိုပြိုင်ပွဲ ဖိုင်နယ်ကို နိုဝင်ဘာ ၂၆ တွင် ကျင်းပမည်

မန္တလေးမြို့ရှိ မြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် မြို့မ တေးသီချင်း အဆိုပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို နိုဝင်ဘာ ...

မန္တလေးမြို့ရှိ မြို့မအပျော်တမ်းတူရိယာအသင်းကြီး၏ နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် မြို့မ တေးသီချင်း အဆိုပြိုင်ပွဲ ဖိုင်နယ်ပွဲစဉ်ကို နိုဝင်ဘာ ၂၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။ ဤပြိုင်ပွဲတွင် နန်းတော်ရှေ့ဆရာတင်၊ အလင်္ကာကျော်စွာ မြို့မငြိမ်း စသည့် မြို့မ၏ တေးပြုစာဆိုကြီးများ၏ ဂန္ထဝင်တေးသီချင်းများဖြင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး၊ မူလပြိုင်ပွဲဝင် ၆၀ ဦးမှ ဖိုင်နယ်အတွက် ၂၀ ဦးကို ရွေးချယ်ထားသည်။ ဆုကြေးများအနေဖြင့် ပထမဆု ငွေကျပ် သိန်း ၁၀၀ အပါအဝင် စုစုပေါင်းဆုငွေများကို ချီးမြှင့်မည်ဖြစ်ပြီး၊ ဆုရရှိသူများကို နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပမည့် နှစ် ၁၀၀ ပြည့် အခမ်းအနား၌ ဆုချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ အခမ်းအနားတွင် မြို့မပင်တိုင်အဆိုတော်များနှင့် နိုင်ငံကျော် တေးသံရှင်များလည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

79