မြန်မာ- တရုတ် ပူးပေါင်းပြီး Community Emergency Response Partnership (CERP) အစီအစဉ်ကိုစတင်လိုက်ပြီဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက နိုဝင်ဘာ ၁၉ ရက်မှာ သတင်းထုတ်ပြန်ပြောပါတယ်။တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်သော Community Emergency Response Partnership (CERP) အစီအစဉ် လေ့ကျင့်ရေးသင်တန်း တွေ ကို ရန်ကုန်နဲ့မန္တလေးမြို့ မှာ စတင်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။တရုတ်နိုင်ငံ က နေယူဆောင်လာတာဟာ နည်းပညာသာမက ပြည်သူတွေရဲ့ စိတ်နှလုံးများ ချိတ်ဆက်တဲ့ပေါင်းကူးတံတားတစ်စင်းပင် ဖြစ်ပါတယ်လို့ " မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌ ဦးတင်ဦးကပြောပါတယ်။သင်တန်းအတွက် မြေငလျင်သင့်ဒေသအနီးတစ်ဝိုက်မှာ ရွေးချယ်ပြုလုပ်တာဟာ ကယ်ဆယ်ရေးအတွေ့အကြုံ တွေကို ရပ်ရွာအသင့်အနေအထားစွမ်းရည် အဖြစ် ပြောင်းလဲဖို့ရည်ရွယ်တာဖြစ်တယ်လို့သိရပါတယ်။သင်တန်း ကို ကုလသမဂ္ဂရဲ့ မြန်မာလူ့အဖွဲ့အစည်း ဘေးအန္တရာယ်ခံနိုင်ရည်တည်ဆောက်ရေးအကြံပြုချက် တွေနဲ့ အညီ မြေငလျင် ဒဏ်သင့်ဒေသ တွေကို အာရုံစိုက်ကာ ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်မှု ဗဟုသုတ၊ မီးဘေးလုံခြုံရေး၊ ဘေးအန္တရာယ်တုံ့ပြန်မှု၊ Cardiopulmonary Resuscitation (CPR) နဲ့ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်မှုစတဲ့ သင်ရိုးညွှန်းတမ်း တွေပါဝင်ပြီး ရပ်ရွာစေတနာ့ဝန်ထမ်းပေါင်း ၂၅၆ ကျော်အား လေ့ကျင့်သင်ကြားပေးခဲ့တယ်လို့သိရပါတယ်။မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်းချုပ်နဲ့ Shenzhen Rescue Volunteers Federation တို့ဟာ ၂၀၂၆ ခုနှစ်မှာ CERP သင်တန်း တွေကို မြန်မာနိုင်ငံရဲ့ ဘေးအန္တရာယ်မကြာခဏ ဖြစ်ပွားတဲ့ တခြားဒေသ တွေဆီတိုးချဲ့ပြုလုပ်ဖို့ သုံးပွင့်ဆိုင်သဘောတူညီချက်ရရှိခဲ့တယ်လို့သိရှိရပါတယ်။
Nov 19 • 5:22 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


