အဆိုတော် ပိုပိုဟေသာတို့ စုံတွဲကတော့ မင်္ဂလာဓာတ်ပုံလေးတွေကို ချပြလာခဲ့ပါတယ်။ အဆိုပါဓာတ်ပုံတွေဟာ Pre Wedding ရိုက်ကူးရေးဓာတ်ပုံလား၊ မင်္ဂလာပွဲနေ့ပုံလားဆိုတာကိုတော့ သူမက အတိအလင်းချမပြထားပါဘူး။ ချစ်တဲ့စိတ်ဆိုတဲ့ သီချင်းနဲ့ နာမည်ရခဲ့သူ တေးရေးဇဝါရဲ့ သမီး ပိုပိုဟေသာဟာ သူမ ချစ်ရသူနဲ့ လက်မှတ်ထိုးစေ့စပ်ခဲ့ပြီးဖြစ်ပါတယ်။ ခင်ပွန်းလောင်းက ဘယ်သူလဲဆိုတာကိုတော့ ယူပြီးသည့်တိုင် ချပြခြင်းမရှိသေးပါဘူး။



