back

ထိုင်းနိုင်ငံ၊ သီရိရာချာမြို့မှာ မြန်မာမောင်နှမနှစ်ဦး တွဲကားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွား

Nov 19 • 2:18 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ သီရိရာချာမြို့မှာ မြန်မာမောင်နှမနှစ်ဦး တွဲကားကြိတ်ခံရပြီး သေဆုံးမှုဖြစ်ပွား

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သီရိရာချာ (Si Racha) မြို့မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျောင်းတက်ရန် ဆိုင်ကယ်စီးနင်းလာတဲ့ မြန်မာမောင်နှမနှစ်ဦးဟာ မတော်တဆမ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ သီရိရာချာ (Si Racha) မြို့မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းက ကျောင်းတက်ရန် ဆိုင်ကယ်စီးနင်းလာတဲ့ မြန်မာမောင်နှမနှစ်ဦးဟာ မတော်တဆမှုတစ်ခုကြောင့် ၁၈ ဘီးတွဲကားကြိတ်ခံရကာ သေဆုံးသွားခဲ့ကြောင်း The Pattaya News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။အဆိုပါ မောင်နှမနှစ်ဦးဟာ ဆိုင်ကယ်စီးနင်းပြီး ကျောင်းသို့ သွားရောက်စဉ် လမ်းဘေးမှာ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ဦးကို ဝင်တိုက်မိခဲ့တာပါ။ ဆိုင်ကယ်တိမ်းမှောက်ရာမှ မောင်နှမနှစ်ယောက်ဟာ နောက်မှပါလာတဲ့ ၁၈ ဘီးတွဲကား အောက်ကို ရုတ်တရက် ရောက်ရှိသွားပြီး ကြိတ်မိခံရကာ သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။တွဲကားမောင်းနှင်သူရဲ့ ပြောကြားချက်အရ ကားကို ဆိုင်ကယ်တစ်စီး ကျော်တက်သွားတာကို သတိထားမိပြီးနောက် မကြာမီမှာ ဆိုင်ကယ်ဟာ လမ်းဘေးမှ အမျိုးသမီးကို တိုက်မိကာ ရုတ်တရက် ကားအောက်ကို ရောက်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ ယာဉ်မောင်းက ဘရိတ်နင်းလိုက်ပေမယ်ံလည်း အချိန်မမီဘဲ ကြိတ်မိခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ထိုင်းရဲတပ်ဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်ကာ အသေးစိတ် စစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေကြောင်း ထိုင်းပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။


news-view-count-icon

25