ဆုကြေးငွေ သိန်းတစ်ထောင်ကျော် ချီးမြှင့်သွားမယ့် LOD Season 3 : The New World ပြိုင်ပွဲဟာ Swiss Stage ကို Eternity App က တိုက်ရိုက်ပြသမယ်လို့ ကြေငြာခဲ့ပါတယ်။Swiss Stage ပွဲစဉ်တွေကိုသာ ပြသသွားမှာဖြစ်ပြီး Playoffs ကတော့ ပုံမှန်အတိုင်း လူမှုကွန်ယက်တွေမှာ ပြသမှာပါ။ ဒါပေမယ့် ပထမဆုံးနေ့မှာတင် ရည်ရွယ်ချက်ရှိရှိ Server attack လုပ်ခံခဲ့ရပါတယ်။ လူ ၁ သန်းအထိ ကြည့်ရှုလို့ရအောင် ကြိုးစားထားတဲ့ App မှာ အကောင့် ၅ သန်းကျော် တစ်ပြိုင်တည်းဝင်ရောက်လာတာကြောင့် Traffic အဆမတန်မြင့်တက်သွားခဲ့ပြီး ပုံမှန်ကြည့်ရှုသူပရိသတ်တွေအနေနဲ့ ဝင်ရောက်ကြည့်ရှုလို့ မရတာမျိုးတွေ ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။Page ကို Report ထုလို့ Server ကျသွားတာမဟုတ်ပါဘူး။ Unknown source ဖြစ်တာမို့ Bot တွေ သုံးခဲ့တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။
ပြီးခဲ့တဲ့ EWC x MSC 2025 မှာ Yangon Galaticos အသင်း PUBGM ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့လို့ MLBB လည်း ဒီနှစ်တွေအတွင်းမှာ နိုင်ငံတကာအောင်မြင်မှုရဖို့ ကြိုးစားရမယ့်အချိန်လို့လည်းသုံးသပ်သူအချို့ကပြောပါတယ် ။



