back

နေပြည်တော် ဇမ္ဗူသီရိမြို့အနီး အင်အား ၃.၀ အဆင့်ရှိ အနည်းငယ်ပြင်းသည့် ငလျင်လှုပ်ခတ်

Nov 19 • 1:20 AM

breaking-news

မြန်မာ

နေပြည်တော်

cover

နေပြည်တော် ဇမ္ဗူသီရိမြို့အနီး အင်အား ၃.၀ အဆင့်ရှိ အနည်းငယ်ပြင်းသည့် ငလျင်လှုပ်ခတ်

ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၏ အရှေ့-အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာ၊ မြေအောက် ၈ ကီလိုမီတာကို ဗဟိုပြု၍ ယနေ့ နိုဝင်ဘာ ၁၈ ရက်၊ မွန်းလွဲ ၂ နာရီ ၄ မိနစ်ခန့်...

ပြည်ထောင်စုနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၏ အရှေ့-အရှေ့မြောက်ဘက် သုံးမိုင်ခန့်အကွာ၊ မြေအောက် ၈ ကီလိုမီတာကို ဗဟိုပြု၍ ယနေ့ နိုဝင်ဘာ ၁၈ ရက်၊ မွန်းလွဲ ၂ နာရီ ၄ မိနစ်ခန့်က ရစ်ခ်ျတာစကေး ၃.၀ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က သတင်းထုတ်ပြန်သည်။ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ငလျင်သည် အချိန်အနည်းငယ်သာ ကြာမြင့်ပြီး ပြင်းထန်မှုမရှိသော်လည်း ယခင်က ငလျင်ကြီးလှုပ်ခတ်မှု ကြုံတွေ့ဖူးသောကြောင့် ဒေသခံများမှာ စိုးရိမ်မှုရှိကြောင်း သိရသည်။ မိုး/ဇလ၏ ထုတ်ပြန်ချက်အရ ဤငလျင်လှုပ်ခတ်မှုသည် အင်အားအလွန်ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ပြီးနောက် ၂၄၄ ကြိမ်မြောက် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

news-view-count-icon

21