back

ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်ဆိုင်ရာ မှတ်ချက်ကြောင့် နှစ်နိုင်ငံ သံတမန်ရေးပြဿနာတက်ပြီး တရုတ်ရှိ ဂျပန်နိုင်ငံသားများ ဘေးကင်းရေး သတိပေး

Nov 19 • 1:18 AM

breaking-news

ဂျပန်

ပြည်တွင်းသတင်း

cover

ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်ဆိုင်ရာ မှတ်ချက်ကြောင့် နှစ်နိုင်ငံ သံတမန်ရေးပြဿနာတက်ပြီး တရုတ်ရှိ ဂျပန်နိုင်ငံသားများ ဘေးကင်းရေး သတိပေး

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီက တရုတ်(တိုင်ပေ) ကို တိုက်ခိုက်ပါက ဂျပန်က စစ်ရေးဖြင့် ဝင်ပါနိုင်ကြောင်း ပြောကြားခဲ့ခြင်းကြောင့် တရုတ်နှင့် ဂျပန်တို့အကြား နှစ်...

ဂျပန်ဝန်ကြီးချုပ် ဆနားအဲ တာကာအိချီက တရုတ်(တိုင်ပေ) ကို တိုက်ခိုက်ပါက ဂျပန်က စစ်ရေးဖြင့် ဝင်ပါနိုင်ကြောင်း ပြောကြားခဲ့ခြင်းကြောင့် တရုတ်နှင့် ဂျပန်တို့အကြား နှစ်ပေါင်းများစွာအတွင်း အပြင်းထန်ဆုံး သံတမန်ရေးရာ ပြဿနာ ဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံရှိ ဂျပန်သံရုံးက ၎င်း၏နိုင်ငံသားများအား "ပတ်ဝန်းကျင်ကို သတိပြုရန်၊ ဂျပန်နိုင်ငံသားများ အသုံးပြုတတ်သည့် နေရာများနှင့် လူစုလူဝေးကို ရှောင်ရန်" နိုဝင်ဘာ ၁၇ ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ဤအရှိန်မြင့်တက်လာသော တင်းမာမှုများကြောင့် တရုတ်အစိုးရကလည်း ၎င်း၏နိုင်ငံသားများအား ဂျပန်သို့ ခရီးသွားလာခြင်း မပြုရန် သတိပေးခဲ့ပြီး၊ တရုတ်လေကြောင်းလိုင်းများကလည်း ဂျပန်ခရီးစဉ်လက်မှတ်များအတွက် ငွေအပြည့်အဝ ပြန်အမ်းပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

news-view-count-icon

20