စင်ကာပူနိုင်ငံရှိ သားကောင်များကို ပစ်မှတ်ထား လိမ်လည်လျက်ရှိသည့် ကမ္ဘောဒီးယားအခြေစိုက် ငွေလိမ်ဂိုဏ်းတွင် ဖုန်းခေါ်မှုတဆင့် ငွေကြေးလိမ်လည်သူအများအဖြစ် လုပ်ကိုင်ခဲ့မှုဖြင့် စင်္ကာပူနိုင်ငံသား နှစ်ဦးကို နိုဝင်ဘာ ၁၇ ရက်တွင် စွဲချက်တင်လိုက်သည်။ အသက် ၂၇ နှစ်အရွယ် ဝိန်းဆိုယူချန်းနှင့် အသက် ၃၂ နှစ်အရွယ် ဘရိုင်ယန်ဆိုင်အင်ဖတို့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့ရှိ လိမ်လည်ဖုန်းခေါ်ဆိုရေး စင်တာတခုတွင် ငွေကြေးလိမ်လည်ရန် ဖုန်းခေါ်ဆိုသူများအဖြစ် ယခုနှစ် စက်တင်ဘာ ၉ ရက် ဝန်းကျင်တွင် လုပ်ကိုင်ခဲ့ကြောင်း စွပ်စွဲခံထားရသည်။ဖနွမ်းပင်မြို့ရှိ ဖုန်းခေါ်ဆိုမှုအတုပြုလုပ်သည့် စင်တာတခုမှ လျှို့ဝှက်လှုပ်ရှားနေသည့် အဆိုပါငွေလိမ်ဂိုဏ်းသည် တိုင်းကြားခံထားရသည့် အမှုပေါင်း ၄၃၈ ခုထက်အနည်းအတွက် တာဝန်ရှိသည်ဟု ယူဆရပြီး ဆုံးရှုံးမှု စင်ကာပူဒေါ်လာ ၄၁ သန်း (အမေရိကန်ဒေါ်လာ ၃၁ ဒသမ သန်း) ကျော်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Nov 18 • 5:09 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 19 | 0 | 0 | 0 |


