ဘက္်ထရီလျှပ်စစ်စက်ခေါင်းများ အသုံးပြုကာ ခေတ်မီလေအေးပေးစက်ပါ လေအိတ်တွဲဆိုင်းများဖြင့် နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များကို (နိုဝင်ဘာ ၂၂)မှ စတင်ကာ ပြေးဆွဲပေးမည်ဟု သိရသည်။ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် အများပြည်သူများ ရထားဖြင့် ခရီးသွားလာရာတွင် အဆင်ပြေချောမွေ့နိုင်စေရန် စီစဉ်နေခြင်း ဖြစ်သည်။ယခင်က နေပြည်တော်-မန္တလေး၊ မန္တလေး-နေပြည်တော် ရထားခရီးစဉ်များသည် RBE ရထားတွဲဆိုင်းများဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ကာ လက်ရှိ၌ ဘက္ထရီလျှပ်စစ်စက်ခေါင်းများ အသုံးပြု၍ ပြောင်းလဲပြေးဆွဲပေးတော့မည်လည်း ဖြစ်သည်။



