စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊လဟယ်မြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ခရိုင်/မြို့နယ်အဆင့်(ထက်၊လယ်၊မူ)ဘာသာရပ် စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယနေ့နံနက်(၁ဝး၀၀)နာရီအချိန်အခြေခံစက် မှု၊စိုက်ပျိုး၊မွေးမြူရေးအထက် တန်းကျောင်း ချယ်ရီမြိုင်ခန်းမ၌ကျင်းပပြုလုပ် သည်။မြို့နယ်အဆင့်(ထက်၊လယ်၊မူ)ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသို့ လဟယ်၊နန်ယွန်း မြို့နယ်များမှ အထက် တန်းပြ ဆရာ/မ(၇၀)ဦး၊အလယ်တန်းပြဆရာမ (၁၂)ဦး၊မူလတန်းအဆင့် ဆရာ/မ(၁၅၂)ဦး စုစု ပေါင်း(ထက်၊လယ်၊မူ)ဆရာ/မအင်အား(၂၃၄)ဦးတက်ရောက်ပြီး သင်တန်းကာလမှာနိုဝင်ဘာလ (၁၄မှ၁၆)ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
Nov 18 • 4:51 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 21 | 0 | 0 | 0 |


