ယခုခါတစ်ကျော့ပြန် Multi-LM တွေ ခေါင်းပြန်ထောင်လာချိန်လည်းဖြစ်ပါတယ်။ စင်ကာပူအခြေစိုက် Riway International က ထုတ်ပြီး သမင်အချင်းနဲ့ထုတ်ထားတာဆိုပြီး ဂျင်းထည့်နေတဲ့ ဆေးဖြစ်ကာမွေးကင်းစကလေးကနေစပြီး အသက်အရွယ်မရွေးသောက်သုံးနိုင်တယ်ဆိုတော့ မွေးကင်းစကလေး ရေတောင်ပေးမတိုက်တာ အဲ့ Capsule ကြီးဘယ်လိုထည့်တိုက်မလဲ။
ဆေးဗူးကလည်း ဈေးကြီးလိုက်တာ သူတို့ဆီမှာ အကောင့်ဝယ်မှ ဆေးဗူးကိုရောင်းတာဖြစ်ပြီး ဆေး ၇ ဗူးကို မြန်မာငွေ သိန်း ၁၃၀ နဲ့ ဝယ်ယူရတာဖြစ်ပါတယ်။ ဝယ်ပြီးရင် Diamond အဆင့်ကိုရောက်ပြီး 1star အဆင့်ကိုရောက်ချင်ရင် အကောင့် ၇ ကောင့် (၁၃၀*၇=သိန်း ၉၁၀) ဖိုးဝယ်ရင် 1 star အဆင့်ကိုရောက်ပါတယ်။ 1star အဆင့်ရောက်ရင်တော့ နိုင်ငံခြားမှာသူတို့လုပ်တဲ့ Meeting တွေကို Free သွားရောက်တက်ခွင့်ရတယ်လို့ သိရတယ်။
လူရှာနိုင်ရင် Bonus ရပြီး အဆင့်တက်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဆေးသီးသန့်ကိုမှီဝဲသုံးစွဲမယ့်သူကိုမရှာရပါဘူး။ ရောဂါဖြစ်နေသူ မရှာရပါဘူး။ အဲလိုလူမျိုးဆိုရင် အလုပ်မလုပ်မယ့်သူ၊ မလုပ်နိုင်မယ့်သူ ဖြစ်တာကြောင့် သူတို့ရဲ့ Pyramid အရ member ဦးရေမတက်တဲ့အတွက် ငွေသုံးနိုင်ပြီး ဆေး ၇ ဗူး သိန်း ၁၃၀ နဲ့ဝယ်ပြီး လူထပ်လိုက်ရှာပေးနိုင်မယ့် ငွေရှိလူတန်းစားတွေကို ပိုပြီး Target ထားပါတယ်။ ကင်ဆာရောဂါကစလို့ ဆီးချို၊ Autism ထိပျောက်ကင်းနိုင်ကြောင်း မဟုတ်မမှန်တဲ့ False Health Claims တွေကိုသုံးပြီး ဆေးကို သောက်ခိုင်းကြပါတယ်။ Multi-LM စနစ်တွေဟာ မြန်မာနိုင်ငံမှာ တစ်ရှိန်ထိုးတိုက်ခိုက်ခံရပြီးနောက် အခုဆိုရင်တော့ မသိမသာနဲ့ ပြည်သူတွေကြား ဒုက္ခပေးဖို့ ပြန်လည်ရောက်ရှိနေပါပြီ။ဒီဆေးကို Purtier Plancenta လို့ခေါ်ပြီး Riway International ကုမ္ပဏီက ထုတ်တာပါ။ မြန်မာနိုင်ငံက လက်ရှိလုပ်နေတဲ့ သူတွေကတော့ သူတို့ကုမ္ပဏီဟာ Multi-LM မဟုတ်ပါဘူးလို့ ပြောင်ငြင်းပြီး လူတွေကို လိုက်လံလိမ်လည် ဆွယ်ပြီး Meeting ပွဲတွေကိုတခမ်းတနား ကျင်းပနေကြတာတွေ့ရပါတယ်။ UAE နိုင်ငံကလည်း ဒီဆေးကို ၂၀၁၈ တည်းက Ban ထားပြီးသားပါ။ ဒါကိုတောင် သူတို့ဆေးက နိုင်ငံတကာမှာဘယ်လိုရောင်းကောင်းဝယ်ယူသောက်သုံးနေကြောင်း ရွှန်းရွှန်းဝေပြောပြီးရောင်းချကြပါတယ်။လက်ရှိ ဒီစာဖတ်နေသူတွေထဲမှာ သောက်သုံးနေသူများရှိရင်လည်း သူ့ရဲ့ Feedback နဲ့အတူ သက်ဆိုင်ရာ ဆရာဝန်တွေဆီမှာ ခန္ဓာကိုယ် Medical Checkup ပြန်လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ဟုဖော်ပြထားပါတယ်။


