စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး စပါးအပြင် သီးနှံမျိုးစုံကို ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ်ဆောင်းရာသီ မြေပဲစိုက်ပျိုးချိန် နေ့စားလုပ်သားများ ဝင်ငွေရရှိနေကြသည်။အခုအခါ နေ့စားတစ်ဦးကို နံနက်ပိုင်းအထိ ငွေကျပ် ၆၀၀၀ ရပါတယ်။ မြေပဲတစ်ခင်းကို လုပ်သားရတဲ့ပေါ်မူတည်ပြီး ၇ ဦးမှ ၁၀ ဦးထိငှားကြပါတယ်” ဟု နေ့စားလုပ်သားတစ်ဦးက ပြောသည်။ကျွန်းလှမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ အခြားသီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိနေကြကြောင်း သိရသည်။



