Super Junior အစ်ကိုကြီးတွေ ကဲလိုက်တာ ဂျူနီယာတွေ ဒုက္ခရောက်လို့ ဆိုရတော့မှာဖြစ်ကာ
Girls’ Generation အဖွဲ့ဝင် Sunny ရဲ့ Legendary Trainee အစီအစဉ်မှာ Super Junior အဖွဲ့ဝင်တွေဖြစ်တဲ့ Eunhyuk နဲ့ Ryeowook ပါဝင်ခဲ့ပြီး SM Entertainment သင်တန်းသားဘဝက အကြောင်းတွေကို ဖွင့်ဟခဲ့ကြပါတယ်။ Eunhyuk က အခု SM မှာ သင်တန်းသားတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်း (၃)ခုဟာ သူတို့ကြောင့် ပေါ်လာတာလို့ ဆိုခဲ့ပါတယ်။ 1. သင်တန်းသားတွေ Date မလုပ်ရ
K-Pop အေဂျင်စီတိုင်းလိုလိုမှာပဲ SM မှာလည်း သင်တန်းသားအချင်းချင်း မဒိတ်ရဆိုတဲ့ စည်းကမ်းသတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ Eunhyuk က အရင်တုန်းက အမျိုးသားနဲ့ အမျိုးသမီးတွဲပြီး လေ့ကျင့်ခိုင်းပေမဲ့ အချင်းချင်းအတွဲတွေ ဖြစ်ကုန်တာကြောင့် နောက်ပိုင်းမှာတော့ ခွဲပြီးလေ့ကျင့်စေခဲ့တာလို့ ဆိုပါတယ်။ 2.သင်တန်းသားများ ဈေးကြီးတဲ့အစားအသောက် မစားရ။SM မှာ သင်တန်းသားတွေ စားသောက်တဲ့ အစားအသောက်တွေကို ဈေးနှုန်းသတ်မှတ်ထားပြီး သင့်တော်တဲ့ နှုန်းအတိုင်းသာ စားရမယ်လို့ သတ်မှတ်ထားပါတယ်။ Super Junior အဖွဲ့ သင်တန်းသားဘဝတုန်းက သူတို့ဟာ ဈေးအကြီးဆုံးဖြစ်တဲ့ “L.A. Meal” ကို စားလေ့ရှိတာကြောင့် SM က အခုလို သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ 3. သတ်မှတ်ထားတဲ့ စားချိန်မှာပဲ စားရမယ်
အရင်တုန်းက SM မှာ သင်တန်းသားတွေဟာ ဆာတဲ့အချိန် စားသောက်ခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ Super Junior အဖွဲ့ဝင်တွေ သင်တန်းသားဖြစ်လာပြီးနောက်မှာ သူတို့ဟာ ဆာတိုင်း စားလေ့ရှိတာကြောင့် တစ်ဦးကို (၃)၊ (၄)ချိန်တွေ ဖြစ်ကုန်တဲ့အတွက် သင်တန်းသားအတွက် စားသောက်ချိန်ကို သတ်မှတ်ခဲ့ပြီး အဲဒီအချိန်တွေမှာပဲ စားသောက်ရတယ်လို့ ဆိုပါတယ်။ 


