back

KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့ပြီး စျေးကွက်တွင် ဒေါ်လာ ၁ သိန်းမှ ၁ သန်းအထိ စျေးရ

Nov 16 • 1:31 PM

breaking-news

မြန်မာ

ကရင်

cover

KK Park ကျားဖြန့်ဝင်းတွင် ကိုယ်တွင်းအင်္ဂါထုတ်ယူသည့် အထူးကုဆရာဝန်များနှင့် ခွဲစိတ်ထုတ်ယူသည့် ဆေးရုံဆောင်များပင်ရှိခဲ့ပြီး စျေးကွက်တွင် ဒေါ်လာ ၁ သိန်းမှ ၁ သန်းအထိ စျေးရ

အောက်တိုဘာလမှစတင်ပြီး မြန်မာစစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ နာမည်ဆိုးနှင့် ကမ္ဘာကျော်သော KK Park ကျားဖြန့်ဝင်းအား စီးနင်းဖောက်ခွဲဖျက်ဆီးနေရာ ထွက်...

အောက်တိုဘာလမှစတင်ပြီး မြန်မာစစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ နာမည်ဆိုးနှင့် ကမ္ဘာကျော်သော KK Park ကျားဖြန့်ဝင်းအား စီးနင်းဖောက်ခွဲဖျက်ဆီးနေရာ ထွက်ပြေးလွတ်မြောက်လာ သူများစွာရှိသလို ပြန်လည်ရှင်းလင်းပြောပြမှုများအရ ထိုဝင်းအတွင်းလူကိုယ်တွင်းအင်္ဂါများ ထုတ်ယူကာ မှောင်ခိုစျေးကွက်အတွင်းသို့ ရောင်းချရာတွင် ခွဲစိတ်ထုတ်ယူသည့် အထူးကုဆရာဝန်များ၊ ဆေးရုံအဆောင်များရှိခဲ့သည်ဟု သိရသည်။အသက် ၂၆ နှစ်ရှိပြီဖြစ်သော ငယ်ရွယ်ချောမောသည့် ဘီလာရုစ်နိုင်ငံသူ အဆိုတော်မလေး ဗဲရာသည် ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က လစာအလွန်ကောင်းသော မော်ဒယ်လုပ်ငန်းလုပ်ရန် လိမ်ခေါ်ခံရမှု ကြောင့် ဘန်ကောက်သို့ စတင်ရောက်ရှိလာပြီး တစ်ပတ်အတွင်းမှာပင် မြန်မာနယ်စပ် ကျားဖြန့်ဝင်းသို့ ရောက်ရှိခဲ့ရကြောင်း၊ ချောမောပြီးငယ်ရွယ်သူဖြစ်သောကြောင့် ချမ်းသာသည့်နိုင်ငံတကာမှ အမျိုးသား များကို ပစ်မှတ်ထား ငွေလိမ်ရသည့်အလုပ်ကို ခိုင်းစေခံရပြီး မိခင်ဖြစ်သူသည် အောက်တိုဘာ ၄ ရက်၌သာ နောက်ဆုံးအကြိမ်အဖြစ် သမီးဖြစ်သူ ဗဲရာနှင့် အဆက်အသွယ်ရပြီးနောက် ပြန်ပေးငွေ ဒေါ်လာ ၅ သိန်းတောင်းကြပြီး မပေးနိုင်သဖြင့် ရက်ပိုင်းအကြာ၌ ကိုယ်တွင်းအင်္ဂါထုတ်ယူကာ ရောင်းစားလိုက်ပြီး အလောင်းကို မီးရှို့လိုက်ပြီဟု မက်ဆေ့ချ်ပို့လာခဲ့ သည်ဟု သိရသည်။ မဲဆောက်တွင် အခြေစိုက်ကာ ကျားဖြန့် ဓားစာခံများနှင့် လူမှောင်ခိုကူးခံရသူများကို ကူညီကယ်ဆယ်ရေးလုပ်နေသည့် Global Alms အဖွဲ့မှ စီအီးအို Mechelle Moore က ဂရေ့စ်မတာသည် KK Park ဆေးရုံတွင် တရားမဝင် ကိုယ်တွင်းအင်္ဂါ ထုတ်ယူခံရပြီး မဲဆောက်သို့ သတိလစ်ရောက်ရှိလာကြောင်း၊ မိသားစုနှင့် တွေ့ဆုံနိုင်ရန် ဆက်သွယ်ပေး ပြီး အသက်ဆက်နိုင်ရေး အသက်ကူကိရိယာများ တပ်ဆင်ထားရှိပေးသော်လည်း မည်သို့မျှ မရှင်သန် နိုင်တော့သဖြင့် အသက်ကူကိရိယာများကို သူမကိုယ်တိုင် ဖြုတ်ခဲ့ရသည်ဟု ပူလစ်ဇာစင်တာသို့ ပြော ကြားသွားခဲ့သည်။ တရုတ်နိုင်ငံသည် မြန်မာနှင့်အိမ်နီးချင်ဖြစ်နေခြင်းက ကိုယ်တွင်းအင်္ဂါမှောင်ခိုစျေးကွက်အတွက် လူကိုယ်တွင်းအင်္ဂါများကို အဆိုပါကျားဖြန့်ဝင်းများအတွင်း ထုတ်ယူပြီး ပေးပို့ရန် အချိန်မီနိုင်ကြောင်း၊ အချိန်မမီသည့် ဝေးလံမှုရှိလျှင် ကိုယ်တွင်းအင်္ဂါ အစားထိုးမှု မအောင်မြင်နိုင်ကြောင်း၊ ကမ္ဘာတွင် ကိုယ်တွင်းအင်္ဂါခွဲစိတ်လဲလှယ်ရန် လိုအပ်သူစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းသာ လှူဒါန်းသူများထံမှ ရရှိ နိုင်သဖြင့် ကိုယ်တွင်းအင်္ဂါမှောင်ခိုစျေးကွက်ကြီးသည် အလွန်ကြီးထွားလာနေပြီး အများအားဖြင့် ဆင်းရဲလွန်သဖြင့် ဆန္ဒအလျှောက် ကိုယ်တွင်းအင်္ဂါ ထုတ်ရောင်သူက မှောင်ခိုစျေးကွက်၌ အများဆုံး ဖြစ်ကြောင်း၎င်းက ပြောသည်။




news-view-count-icon

29