back

စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့ မြို့ဦးကျောင်းတိုက်၌ ပုနောပသမ္ပဒ ကံထပ်မင်္ဂလာအခမ်းအနား ကျင်းပ

Nov 16 • 7:50 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

စစ်ကိုင်းတိုင်းဒေသကြီးကန့်ဘလူမြို့ မြို့ဦးကျောင်းတိုက်၌ ပုနောပသမ္ပဒ ကံထပ်မင်္ဂလာအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီးတို့၏ မိသားစုတို့သည် ကန့်ဘလူမြို့၊ မြို့ဦးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တတေဇိန္ဒသာ...

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီးတို့၏ မိသားစုတို့သည် ကန့်ဘလူမြို့၊ မြို့ဦးပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော် ဘဒ္ဒန္တတေဇိန္ဒသာရ (သက်တော် ၇၈ နှစ်၊ ဝါတော် ၅၈ ဝါ) အား ပုနောပသမ္ပဒ ကံထပ်ခြင်းမင်္ဂလာအလှူတော် ရေစက်ချအခမ်းအနား ကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မြို့ဦးကျောင်းတိုက်၌ စည်ကားစွာ ကျင်းပခဲ့ရာ၊ ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက ဆရာတော်နှင့် ပင့်သံဃာ ၄၀ ပါးတို့အား သိမ်ဆင်းအလှူပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ထံမှ ငါးပါးသီလခံယူကာ ပရိတ်တရားတော်များ နာယူပြီး ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

news-view-count-icon

23