ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက ဆုတောင်းပြည့်ဆံတော်ရှင် ရွှေမော်ဓောစေတီတော်မြတ်ကြီး သို့ သွားရောက်၍ တပ်မတော်မိသားစုလှူဒါန်းမှုဖြင့် ရင်ပြင်တော်ပေါ်၌ နေပူခံကျောက်ပြားခင်းခြင်းနှင့် အာရုံခံတန်ဆောင်းများ ပြုပြင်မွမ်းမံနေမှုကို အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ပြီးနောက်၊ ပဲခူးမြို့ရှိ ဇိုင်းဂနိုင်းတောင်ပိုင်းနှင့် ပန်းလှိုင်ရပ်ကွက်အတွင်းရှိ ပြည်သူများအား ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနည်း သရုပ်ပြနေမှု ကိုလည်း သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဝန်ကြီးချုပ် ရွှေမော်ဓောစေတီ ပြုပြင်မှုများ စစ်ဆေးပြီး ရွေးကောက်ပွဲ မဲပေးစက် သရုပ်ပြမှုကို ကြည့်ရှုအားပေး
Nov 16 • 7:49 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 35 | 0 | 0 | 0 |


