မလေးရှားဝန်ကြီးချုပ် ဒါတုခ် စရီ အန်ဝါ အီဘရာဟင်မ် က ဆာဘားပြည်နယ်ရှိ အစိုးရရာထူးကြီးများမှ ခေါင်းဆောင်များနှင့် သတ္တုတူးဖော်ရေးလိုင်စင်များ ပါဝင်သည့် စွပ်စွဲချက်များသည် အများစုမှာ ထင်မြင်ယူဆချက် (perception) များသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ တိကျခိုင်မာသည့် အထောက်အထားများ သို့မဟုတ် တရားဝင်စွဲချက်များ ရှိမှသာ အရေးယူဆောင်ရွက်သွားမည်ဟု အလေးထားပြောကြားခဲ့သည်။ ၎င်းက လက်ရှိအခြေအနေတွင် လိုင်စင်ကိစ္စဖြင့် ငွေကြေးရယူသည်ဆိုသည့် ပြတ်သားသော သက်သေပြချက် သို့မဟုတ် ငွေလွှဲပြောင်းမှုဆိုင်ရာ အထောက်အထား ခိုင်လုံမှုမရှိသေး ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ ၎င်းအနေဖြင့် အချက်အလက်များ ရှင်းလင်းကာ တရားစွဲဆိုမှုပြုလုပ်လာသည့် အခါမှသာ "စည်းမျဉ်းစည်းကမ်းမျဉ်း” သတ်မှတ်ပြီး အရေးယူဆောင်ရွက်မည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
မလေးရှားနိုင်ငံ၊ဆာဘားပြည်နယ် သတ္တုတူးဖော်ရေးအရှုပ်တော်ပုံတွင် တိကျသောအထောက်အထားမရှိ၍ တရားဝင်စွဲချက်ရှိမှသာ အရေးယူမည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါ ပြောကြား
Nov 16 • 6:49 AM
မလေးရှား
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


