အသက် ၂၆ နှစ်အရွယ် သြစတြေးလျနိုင်ငံသား Johnson Wen သည် ကြာသပတေးနေ့က Resorts World Sentosa ၌ ကျင်းပသည့် 'Wicked: For Good' ရုပ်ရှင်ပွဲဦးထွက်ပြပွဲတွင် အတားအဆီးကို ကျော်ကာ အဆိုတော် Ariana Grande ထံ ပြေးဝင်သွားခဲ့မှုကြောင့် အများပြည်သူအား အနှောင့်အယှက်ပေးမှု ဖြင့် စင်ကာပူတရားရုံးတွင် တရားစွဲဆိုခံခဲ့ရကြောင်း CNA က သတင်းထုတ်ပြန်သည်။ သောကြာနေ့တွင် ဗီဒီယိုလင့်ခ်ဖြင့် တရားရုံးသို့ ရောက်ရှိလာခဲ့သည့် ၎င်းသည် ပြစ်မှုအား ဝန်ခံသွားမည်ဖြစ်ကြောင်း တရားရုံးသို့ အသိပေးခဲ့ပြီး၊ ၎င်းအား ပထမဆုံးအဖြစ် ရာဇသတ်ကြီးပုဒ်မ ၂၉၀(က) ဖြင့် စွဲဆိုထားရာ ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂,၀၀၀ အထိ အများဆုံး ချမှတ်ခံရနိုင်သည်။
စင်ကာပူတွင် Ariana Grande ထံ ပြေးဝင်သူ qသြစတြေးလျအမျိုးသားအား အများပြည်သူအား အနှောင့်အယှက်ပေးမှုဖြင့် တရားစွဲ
Nov 16 • 6:47 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


