ထိုင်းနိုင်ငံ ခရီးသွားလာရေးနဲ့ အားကစားဝန်ကြီး Atthakorn Sirilatthayakorn ဦးဆောင်တဲ့ ၃၃ ကြိမ်မြောက် SEA Games နဲ့ ၁၃ ကြိမ်မြောက် ASEAN Para Games ကျင်းပရေးကော်မတီဟာ ဘန်ကောက်မှာ မီးရှူးတိုင် လက်ဆင့်ကမ်း သယ်ဆောင်ပွဲကို ဒီနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကျင်းပလိုက်ပါတယ်။ အဲဒီပွဲမှာ Royal Flame (တော်ဝင်မီးတိုင်) ကို မြို့တော်မှာ လက်ဆင့်ကမ်း သယ်ဆောင်ကြပြီး မွေထိုင်း အကျော်အမော် ဘွတ်ခေါင်လည်း ပါဝင်သယ်ဆောင်တာကို တွေ့ရပါတယ်။ နိုဝင်ဘာ ၁၆ ရက်နေ့က Hua Mak Indoor Stadium ရှေ့မှာ အခမ်းအနားကို ကျင်းပခဲ့ကြပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သံတမန်တွေ၊ ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt၊ ထိုင်းနိုင်ငံအားကစားအာဏာပိုင်အဖွဲ့ (Sports Authority of Thailand) အုပ်ချုပ်ရေးမှူး Kongsak Yodmanee၊ အားကစားသမားတွေနဲ့ သက်ဆိုင်ရာဝန်ထမ်းတွေ တက်ရောက်ခဲ့ကြပါတယ်။
Nov 16 • 6:02 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 55 | 0 | 0 | 0 |


