သရုပ်ဆောင် ပိုးကြာဖြူခင် ဟာ
အခက်အခဲ၊ အတိုက်အခိုက်တွေကြားထဲက သားလေးကို မွေးဖွားခဲ့ရတယ်လို့ သူမက ပြောပါတယ်။ သူမရဲ့ သားလေး လူဖြစ်လာဖို့အတွက် သူမဝါသနာပါရာ အလုပ်၊ သူမရဲ့ ကျော်ကြားမှုတွေ နဲ့ ပိုင်ဆိုင်မှုတွေကိုလဲပြီး သူမ မရင်းနှီးတဲ့ အသိုင်းအဝိုင်းတစ်ခုထဲကို ခြေစုံပစ်ဝင်ခဲ့ရကြောင်း ပိုးကြာဖြူခင်ကပြောပါတယ်။ သားလေးယူမယ့် အမျိုးသမီး၊ မွေးလာမယ့် သားသမီးလေးတွေထိ သူမက စောင့်ရှောက်ချင်သေးတာမို့ အသက်ရှည်ရှည်နေချင်သေးကြောင်းပြောပါတယ်။ သားလေးရဲ့ အသက် ၂ နှစ်ပြည့်မွေးနေ့မှာ မိုးမြင့်ရောင်စဉ်ထွန်းဆိုတဲ့ နာမည်နဲ့လိုက်အောင် မိုးမြင့်ထိ အောင်မြင်ကျော်ကြားမှုတွေ ရောင်စဉ်ဖြာစေဖို့ပါ ဆုတောင်းပေးလိုက်ပါသေးတယ်။



