မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားများ ပိုမို ထုတ်လုပ်ရရှိရေး၊ အိမ်ထောင်စုအလိုက် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု တိုးတက်မြင့်မားရေး၊ မီးမရရှိသေးသည့်ကျေးရွာများ လျှပ်စစ်ဓာတ်အား ရရှိရေးတို့အတွက် နှစ်အလိုက်ရန်ပုံငွေများ လျာထားခွင့်ပြုဆောင်ရွက်ပေးနေပါသည်။ မကွေးမြို့နယ် မိကျောင်းရဲမြို့ ကွမ်းအုံ(မြောက်)ကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၃ ရက် နေ့နံနက်ပိုင်းက အဆိုပါကျေးရွာ ၁၁/ဝ.၄ ကေဗွီ ၂၀၀ ကေဗွီအေ ထရန်စဖော်မာရှေ့၌ ကျင်းပရာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအသီးသီးမှ ဒေသခံ ရပ်မိရပ်ဖများ၊ ကျေးရွာ ပြည်သူများ တက်ရောက်ခဲ့ကြသည်။ 
Nov 16 • 5:44 AM
မြန်မာ
မကွေး
မျှဝေမည်
| 62 | 0 | 0 | 0 |


