မြန်မာကိုယ်စားပြုအသင်းအဖြစ် M7 တက်ရောက်ခွင့်နဲ့အတူ MSL MM Season 2 Champion ပေါ်ထွက်လာတော့မယ့်နေ့ဖြစ်ပါတယ်။အရင်ရာသီတုန်းက ဖျက်မြင်းအသင်း Paladins လည်း Top 3 အထိတက်လှမ်းခဲ့သလို ဒီရာသီရဲ့ဖျက်မြင်းအသင်း Team Seven လည်း Top 3 ထဲကိုရောက်ရှိနေပါပြီ။ ဖျက်မြင်းအသင်းအဖြစ် Champions ဆု သိမ်းပိုက်တော့မှာလားဟုလည်းပရိသတ်များကမှန်းဆနေကြပါတယ်။အရင်ရာသီတုန်းက MSL MM Champion ဆုနဲ့လက်တစ်ကမ်းအလိုမှာ လွဲချော်ခဲ့ရတဲ့ Yangon Galacticos ကပဲ Champion ဆုကို သိမ်းပိုက်သွားတော့မှာလားဆိုတဲ့ဒွိဟဆန်ဆန်မေးခွန်းတွေဆက်တိုက်ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ် ။



