back

တရုတ်နိုင်ငံ၊ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ စီးပွားရေး သုံးလပတ်တာကာလ အတွင်း ၃.၈ ရာခိုင်နှုန်း တိုးတက်

Nov 16 • 2:33 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံ၊ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ စီးပွားရေး သုံးလပတ်တာကာလ အတွင်း ၃.၈ ရာခိုင်နှုန်း တိုးတက်

တရုတ်နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် သုံးလပတ်တာ ကာလသုံးခုအတွင်း ခိုင်မာသည့် စွမ်းဆောင်မှုရှိခဲ့သလို လက်တွေ့ ပြည်တွင်းအသားတင...

တရုတ်နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေးသည် ၂၀၂၅ ခုနှစ် သုံးလပတ်တာ ကာလသုံးခုအတွင်း ခိုင်မာသည့် စွမ်းဆောင်မှုရှိခဲ့သလို လက်တွေ့ ပြည်တွင်းအသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ကလည်း ယမန်နှစ်အလားတူ ကာလထက် ၃.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) အစိုးရအဖွဲ့၏ နိုဝင်ဘာ ၁၄ ရက်က ထုတ်ပြန်ချက်အရ သိရသည်။၂၀၂၅ ခုနှစ်၏ တတိယသုံးလပတ် စီးပွားရေးအစီရင်ခံစာကို တင်ပြခဲ့ရာတွင် HKSAR အစိုးရ၏ ယာယီ စီးပွားရေးပညာရှင် လျင်ကော်ရင်းက ပို့ကုန်များဆက်လက်တိုးတက်လာခြင်းနှင့် ပြည်တွင်းဝယ်လိုအား စဉ်ဆက်မပြတ်ချဲ့ထွင်မှုများက ခိုင်မာသော စီးပွားရေးတိုးတက်မှု စွမ်းဆောင်ရည်ကို မောင်းနှင်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


news-view-count-icon

17