back

တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၇၀ အတွင်း အကြီးမားဆုံး ရွှေသိုက် တွေ့ရှိခဲ့

Nov 16 • 2:29 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံတွင် နှစ်ပေါင်း ၇၀ အတွင်း အကြီးမားဆုံး ရွှေသိုက် တွေ့ရှိခဲ့

တရုတ်နိုင်ငံ၊ဒါဒွန်ဂူဒေသမှာ နိုဝင်ဘာ ၁၄ ရက်က ရွှေကြောကြီး တစ်ခု ရှာဖွေတွေ့ရှိထားကြောင်း တရုတ် သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက အတည်ပြုပါတယ်။ဒါက ၁၉၄၉ ခုနှစ်မှာ ပြည်သူ့...

တရုတ်နိုင်ငံ၊ဒါဒွန်ဂူဒေသမှာ နိုဝင်ဘာ ၁၄ ရက်က ရွှေကြောကြီး တစ်ခု ရှာဖွေတွေ့ရှိထားကြောင်း တရုတ် သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက အတည်ပြုပါတယ်။ဒါက ၁၉၄၉ ခုနှစ်မှာ ပြည်သူ့ ပြည်ထောင်စုနိုင်ငံ တည်ထောင်ပြီး နောက်ပိုင်း နိုင်ငံတွင်း ပထမဆုံး ရှာဖွေတွေ့ရှိတဲ့ အကြီးမားဆုံး ရွှေသိုက် ဖြစ်ပါတယ်။အဲဒီနေရာမှာ သတ္တုရိုင်း တန်ချိန် ၂ ဒသမ ၅၈၆ သန်း ရှိပြီး ၁ ဂရမ်မှာ ရွှေ ဝ ဒသမ ၅၆ ဂရမ် ပါဝင်နိုင်ပြီး စုစုပေါင်း ရွှေ ၁,၄၄၄ တန် ထွက်ရှိနိုင်တယ်လို့ တရုတ် အရာရှိတွေက ခန့်မှန်းထားပါတယ်။လက်ရှိ ဈေးနှုန်းအရ အဲဒီ ရွှေပမာဏာဟာ ယူရို ၁၆၆ ဘီလီယံကျော် တန်ဖိုးရှိကြောင်း သိရပါတယ်။အခုအတွင်း ရွှေဈေး စံချိန်တင် မြင့်တက်ခဲ့ပြီး တစ်ကီလိုကို ယူရို ၁၁၅,၀၀၀ အထိ ပေးဝယ်ခဲ့ရပါတယ်။အာဏာပိုင်တွေက တည်နေရာ အတည်အကျကို ထုတ်ဖော် မပြောဘဲ လျာအိုနင်း ဒေသထဲမှာ တွေ့ရှိထားတာလို့ပဲ ပြောထားပါတယ်။

news-view-count-icon

15