back

ဗီယက်နမ်တွင် ကျောင်းသားများကို ကော်ပေတံဖြင့် ဆုံးမသည့် ဆရာမ အလုပ်ထုတ်ခံရ

Nov 15 • 7:03 AM

breaking-news

ဗီယက်နမ်

ပြည်တွင်းသတင်း

cover

ဗီယက်နမ်တွင် ကျောင်းသားများကို ကော်ပေတံဖြင့် ဆုံးမသည့် ဆရာမ အလုပ်ထုတ်ခံရ

ဗီယက်နမ်နိုင်ငံ Gia Lai ပြည်နယ်ရှိ Anh Hung Nup အထက်တန်းကျောင်းမှ ဓာတုဗေဒဆရာမတစ်ဦးသည် နိုဝင်ဘာလ ၃ ရက်နှင့် ၅ ရက်နေ့များက စာမရသော ၁၀ တန်းကျောင်းသားများကို ကော်ပေ...

ဗီယက်နမ်နိုင်ငံ Gia Lai ပြည်နယ်ရှိ Anh Hung Nup အထက်တန်းကျောင်းမှ ဓာတုဗေဒဆရာမတစ်ဦးသည် နိုဝင်ဘာလ ၃ ရက်နှင့် ၅ ရက်နေ့များက စာမရသော ၁၀ တန်းကျောင်းသားများကို ကော်ပေတံဖြင့် ဆုံးမခဲ့ခြင်းကြောင့် အင်တာနက်ပေါ်တွင် ကိစ္စပြန့်နှံ့ခဲ့ပြီးနောက် အလုပ်ထုတ်ခံရကြောင်း သိရသည်။ဆရာမက ကျောင်းသားများနှင့် မိဘများကို တောင်းပန်ခဲ့သော်လည်း ကျောင်းအုပ်ကြီးက ကျောင်းစည်းကမ်းအရ ဆရာ၊ ဆရာမများသည် ကျောင်းသားများကို ကိုယ်ထိလက်ရောက်နာကျင်အောင် ဆုံးမခွင့်မရှိဟု ပြောကြားခဲ့သည်။ အလုပ်ထုတ်ခံရမှုအပေါ် ကျောင်းသားမိဘ ၁၄ ဦးက ကန့်ကွက်ခဲ့သော်လည်း ပြည်နယ်ပညာရေး ဒုတိယညွှန်ကြားရေးမှူးက ယင်းသို့ ဆိုဆုံးမမှုကို လက်ခံ၍မရဟုဆိုကာ ဆရာမကို အလုပ်ထုတ်ခြင်းကို အတည်ပြုခဲ့သည်။

news-view-count-icon

14