ထိုင်းနိုင်ငံ Krabi ခရိုင်၊ Plai Phraya ခရိုင်ရှိ ကုမ္ပဏီတစ်ခု၌ နိုဝင်ဘာလ ၁၄ ရက်နေ့က ဓာတုပစ္စည်းကန်တစ်ခုကို သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ငွေ့ရှူမိသဖြင့် မြန်မာအလုပ်သမား ၂ ဦး သေဆုံးပြီး ၁ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။ "ဥပုပ်" အနံ့ (Hydrogen Sulfide) ရှိသော ဓာတုတွင်းထဲသို့ သန့်ရှင်းရေးအတွက် ဆင်းသွားခဲ့သည့် အဆိုပါ မြန်မာအလုပ်သမား ၃ ဦးစလုံးသည် အဆိပ်ငွေ့များကြောင့် သတိလစ်မေ့မြောသွားခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များ၏ ကယ်ဆယ်မှုကြောင့် အသက် ၂၂ နှစ်အရွယ် ကိုပိုင်ကို ဆေးရုံသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့သော်လည်း အသက် ၂၄ နှစ်အရွယ် ရှိုင်းလင်းအောင်နှင့် အသက် ၂၅ နှစ်အရွယ် ကျော်လင်းဦးတို့နှစ်ဦးမှာ တွင်းထဲမှ ဆွဲထုတ်ချိန်၌ သေဆုံးနေပြီဖြစ်ကြောင်း အတည်ပြုခဲ့ရသည်။ ရဲဌာနသည် မတော်တဆမှုဖြစ်ပွားရခြင်း အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး၊ နောင်တွင် ဤကဲ့သို့ဖြစ်ရပ်မျိုး မဖြစ်ပွားစေရန် ဘေးကင်းလုံခြုံရေး အစီအမံများကို ပြန်လည်သုံးသပ်သွားရန် စီစဉ်နေသည်။

ထိုင်းနိုင်ငံ Krabi တွင် ဓာတုပစ္စည်းကန် သန့်ရှင်းရေးလုပ်သည့် မြန်မာအလုပ်သမား ၂ ဦး အဆိပ်ငွေ့ရှူမိ၍ သေဆုံး
Nov 15 • 3:25 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 16 | 0 | 0 | 0 |


