နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသူ ဦးသန့်စင်သည် ၎င်း၏ ခန့်အပ်လွှာကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နီပေါနိုင်ငံသမ္မတ မစ္စတာ ရမ်ချန်ဒရာ ပေါ်ဒဲလ် (Ram Chandra Paudel) ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို နီပေါနိုင်ငံသမ္မတအိမ်တော် Rastrapati Bhawan Maharajgunj ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ ယင်းသို့ ခန့်အပ်လွှာပေးအပ်ခြင်းမပြုမီ နိုဝင်ဘာ ၇ ရက်နေ့ကလည်း သံအမတ်ကြီး ဦးသန့်စင်သည် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန အကြီးအကဲနှင့် တွေ့ဆုံခဲ့ပြီး မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ဆက်ဆံရေး တိုးမြှင့်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြသည်။
| 27 | 0 | 0 | 0 |


