ပြင်သစ်တိုက်စစ်မှူး ဘာပေသည် ယူကရိန်းကို (၄-၀) ဂိုးဖြင့် အနိုင်ရသည့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် (၂) ဂိုးသွင်းယူခဲ့ခြင်းကြောင့် ၎င်း၏ ကစားသမားဘဝ သွင်းဂိုးပေါင်း ၄၀၀ ပြည့်မြောက်ခဲ့ပြီး၊ ဘရာဇီးလ်ဂန္ထဝင် ပီလီနောက်ပိုင်း အသက်အငယ်ဆုံး ဂိုး ၄၀၀ ပြည့်သွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ သို့သော် အသက် ၂၆ နှစ်သာရှိသေးသည့် ဘာပေက "အခု ဂိုး ၄၀၀ က လူတွေအတွက် အထင်ကြီးစရာမဟုတ်ပါဘူး။ လူတွေကို အံ့သြစေချင်ရင် နောက်ထပ် ဂိုး ၄၀၀ သွင်းရမှာပါ" ဟု ပြောကြားခဲ့ပြီး၊ "စီရော်နယ်ဒိုလို ဂိုး ၁,၀၀၀ လား။ ဒါက စိတ်ကူးယဉ်ဆန်ပေမဲ့ ကျွန်တော်တို့ ကြိုးစားကြည့်ရမှာပါ" ဟု ၎င်း၏ ရည်မှန်းချက်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။

အမ်ဘာပေက သွင်းဂိုး ၄၀၀ သည် အထင်ကြီးစရာမကောင်း၊ စီရော်နယ်ဒိုကဲ့သို့ ဂိုး ၁,၀၀၀ သွင်းနိုင်ရန် ရည်မှန်းကြောင်း ပြောကြား
Nov 15 • 1:28 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


