back

၂၀၂၆ အာဆီယံဖလား (Hyundai Cup) ပြိုင်ပွဲကို ဇူလိုင် ၂၄ မှ သြဂုတ် ၂၆ အထိ ကျင်းပမည်

Nov 15 • 1:26 AM

breaking-news

မြန်မာ

ပြည်ပ

cover

၂၀၂၆ အာဆီယံဖလား (Hyundai Cup) ပြိုင်ပွဲကို ဇူလိုင် ၂၄ မှ သြဂုတ် ၂၆ အထိ ကျင်းပမည်

၂၀၂၆ အာဆီယံဖလား (2026 ASEAN Hyundai Cup) ဘောလုံးပြိုင်ပွဲကို အာဆီယံဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်...

၂၀၂၆ အာဆီယံဖလား (2026 ASEAN Hyundai Cup) ဘောလုံးပြိုင်ပွဲကို အာဆီယံဘောလုံးအဖွဲ့ချုပ်က ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၂၆ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ ဤပြိုင်ပွဲသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နှစ်လယ်ပိုင်းတွင် ကျင်းပသည့်ပြိုင်ပွဲဖြစ်လာမည်ဖြစ်သည်။ (၁၆) ကြိမ်မြောက်မြောက်ဖြစ်သည့် ၂၀၂၆ ပြိုင်ပွဲသည် စတင်ကျင်းပခဲ့သည့် ၁၉၉၆ ခုနှစ်မှစ၍ နှစ် ၃၀ ပြည့်မြောက်သည့် ပြိုင်ပွဲလည်းဖြစ်သည်။ ပြိုင်ပွဲ၏ အုပ်စုအဆင့်ကို ဇူလိုင် ၂၄ မှ သြဂုတ် ၈ ရက်အထိ ယှဉ်ပြိုင်မည်ဖြစ်ပြီး၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ သြဂုတ် ၁၅ မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။

news-view-count-icon

22