ထိုင်းနိုင်ငံ ၊နခွန်ပထုန်ခရိုင်၊ ဘန်လမ်မြို့နယ်ခွဲ၊ ဘန်ပလာကျေးရွာအမှတ် ၁၄ ရှိ နေအိမ်တစ်လုံးတွင်မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့်ပါမစ်အတုများပြုလုပ်ပေးခဲ့သည့် အမျိုးသား ၂ ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ၎င်းတို့သည် မစ္စတာ ဆာဟာရတ်နှင့် မစ္စတာ နတ်ထဖွန်တို့ဖြစ်ကြပြီး Facebook နှင့် ဝက်ဘ်ဆိုဒ်တွင် နိုင်ငံခြားသား အလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ်များ သက်တမ်းတိုးပေးမည်ဟုဆိုကာ လူအများကို လိမ်လည်သည့် ကုမ္ပဏီတစ်ခု ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။အလိမ်ခံခဲ့ရသည့် ရွှေ့ပြောင်းအလုပ်သမားတဦးကတိုင်ကြားချက်အရ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ယခုကဲ့သို့ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။၎င်းတို့ကို ရဲများက သက်သေခံပစ္စည်းများနှင့်ဖမ်းဆီးခဲ့ပြီး ဥပဒေအရ ဆောင်ရွက်မှုများ ပြုလုပ်ရန် လူကုန်ကူးမှုတိုက်ဖျက်ရေးဌာနခွဲထံ လွှဲပြောင်းထားကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Nov 14 • 6:37 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


