back

တောင်ကိုရီးယားတွင် ASEAN Trade Fair 2025၌ မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ ဆိုင်ခန်း ၈၀ ပါဝင်ပြသ

Nov 14 • 6:36 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယားတွင် ASEAN Trade Fair 2025၌ မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ ဆိုင်ခန်း ၈၀ ပါဝင်ပြသ

ASEAN Trade Fair 2025 ကို ဆိုးလ်ရှိ အီဆန်မြို့၊ KINTEX2 တွင် ပြုလုပ်ပြီး မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ ဆိုင်ခန်း ၈၀ ပါဝင်ပြသခဲ့သည်။ASEAN Korean Center က ပြု...

ASEAN Trade Fair 2025 ကို ဆိုးလ်ရှိ အီဆန်မြို့၊ KINTEX2 တွင် ပြုလုပ်ပြီး မြန်မာအပါအဝင် အာဆီယံနိုင်ငံများမှ ဆိုင်ခန်း ၈၀ ပါဝင်ပြသခဲ့သည်။ASEAN Korean Center က ပြုလုပ်သည့် ASEAN WEEK 2025 အစီအစဉ်တွင် ပါဝင်သည့် ASEAN Trade Fair 2025 ကို နိုဝင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး ASEAN Trade Fair 2025 ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည်။အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ASEAN Korean Center မှ အထွေထွေအတွင်းရေးမှူးချုပ် Kim Jae-Shin နှင့် တောင်ကိုရီးယားရှိ အာဆီယံသံရုံးများမှ သံအမတ်တွေ တက်ရောက်ဖွင့်လှစ်ခဲ့သည်။ပြပွဲတွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၁၀ က ဆိုင်ခန်း ၁၀ ခန်း ပါဝင်ပြသထားပြီး ရိုးရာ မုန့်လုံးရေပေါ်အပါအဝင် မြန်မာ့ရိုးရာမုန့်အမျိုးမျိုး၊ လက်ဖက်၊ ပျားရည်၊ အသင့်စား မုန့်ဟင်းခါး၊ငပိကြော်၊ ငါးခြောက် အစရှိသည့် ထုတ်ကုန်ပစ္စည်းများကို ပြသထားသည်။

news-view-count-icon

13