မန္တလေးမြို့တွင် စီးကရက်များလိုအပ်ချက်မြင့်မားနေသဖြင့် ဆိုင်အချို့က လူတစ်ဦးကို ကုမ္ပဏီရောင်းဈေးဖြင့် ၁၀ လိပ်နှုန်းရောင်းချပေးနေကြောင်းဒေသခံများကပြောသည်။နယ်မြေအခြေအနေမတည်ငြိမ်မှုများကြောင့် ကုန်ပစ္စည်းအဝင်နည်းပါးလာသည့်အတွက် ဈေးကွက်အတွင်းပစ္စည်းပြတ်လပ်ကာယခုကဲ့သို့ခွဲတမ်းစနစ်ဖြင့်ရောင်းချပေးလာခြင်းဖြစ်သည်။ခွဲတမ်းစနစ်ဖြင့်ရောင်းချပေးသည့်စီးကရက်များမှာ ကုမ္ပဏီကသတ်မှတ်ထားသည့်ဈေးနှုန်းများဖြင့်သာရောင်းချပေးခြင်းဖြစ်ပြီး ရောင်းချချိန်ကန့်သတ်ထားလေ့ရှိကြောင်းသိရသည်။အဆိုပါစီးကရက်များမှာ ပြင်ပဈေးကွက်တွင် ကုမ္ပဏီဈေးနှုန်းထက် ၄ ဆမှ ၅ ဆအထိရှိနေသော်လည်း မကြာခဏပစ္စည်းပြတ်လပ်လေ့ရှိကြောင်းဒေသခံများကဆိုသည်။
Nov 14 • 5:04 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 57 | 0 | 0 | 0 |


