back

ဘန်ကောက်တွင် အွန်လိုင်းငွေလိမ်ဂိမ်းလုပ်နေသည့် မြန်မာ ၁ ဦးနှင့် တရုတ် ၃ ဦးဖမ်းဆီးခံရ

Nov 14 • 5:03 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက်တွင် အွန်လိုင်းငွေလိမ်ဂိမ်းလုပ်နေသည့် မြန်မာ ၁ ဦးနှင့် တရုတ် ၃ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ဒင်ဒန်ခရိုင်၊ ဟူအိုင်ခွမ်ရှိ ကွန်ဒို အခန်းတစ်ခန်းတွင် နေထိုင်ပြီး အွန်လိုင်း၌ လောင်းကစားဝက်ဘ်ဆိုက်ဖွင့်ကာ စလော့ဂိမ်းလုပ်ငန်းလုပ်...

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ ၊ ဒင်ဒန်ခရိုင်၊ ဟူအိုင်ခွမ်ရှိ ကွန်ဒို အခန်းတစ်ခန်းတွင် နေထိုင်ပြီး အွန်လိုင်း၌ လောင်းကစားဝက်ဘ်ဆိုက်ဖွင့်ကာ စလော့ဂိမ်းလုပ်ငန်းလုပ်နေသည့် တရုတ်နိုင်ငံသား ၃ ဦး နှင့် မြန်မာနိုင်ငံသား ၁ ဦးကို ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။၎င်းကွန်ဒိုတွင်နေသူများသည် မူးယစ်ဆေးဝါးသုံးစွဲသူများ စုဝေးသည်ဟု သံသယရှိကြောင်း ၁၃၈၆ ဟော့လိုင်းမှတစ်ဆင့် တိုင်ကြားချက်အရ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး (ONCB) သည် မူးယစ်ဆေးဝါးနှိမ်နင်းရေးဗျူရို (NSB) နှင့် ပူးပေါင်းဆောင်ရွက်ကာ စုံစမ်းစစ်ဆေးခဲ့ကြောင်းဖော်ပြသည်။ရဲတပ်ဖွဲ့က အခန်းတွင်း ဝင်ရောက်ရှာဖွေရာတွင် တရုတ်လူမျိုး ၃ ဦးနှင့် မြန်မာလူမျိုး ၁ ဦးတို့ကို တွေ့ရှိခဲ့ပြီး မူးယစ်ဆေးဝါး မတွေ့ရဘဲ အခန်းထဲ၌ လက်ပ်တော့ကွန်ပျူတာ လေးလုံး တွေ့ရှိခဲ့ကာ တရုတ်ဘာသာဖြင့် ဖွင့်ထားသော အွန်လိုင်းဝက်ဘ်ဆိုက်များ ကိုတွေ့ရှိခဲ့သည်။၎င်း ၃ ဦးကို သက်သေခံပစ္စည်းများနှင့်အတူ ဥပဒေရေးရာ ဆောင်ရွက်မှုများ ပြုလုပ်ရန် ဟူအိုင်ခွမ်ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

news-view-count-icon

18