back

ထိုင်းနိုင်ငံ မီးကြိုးစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၅၁ ဦး နစ်နာကြေး ဘတ် ၁ သန်းကျော် ပြန်လည်ရရှိ

Nov 14 • 2:51 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ မီးကြိုးစက်ရုံမှ အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၅၁ ဦး နစ်နာကြေး ဘတ် ၁ သန်းကျော် ပြန်လည်ရရှိ

ထိုင်းနိုင်ငံ ချွန်ပူလီခရိုင်၊ ဘော်ထောင်းမြို့ရှိ မီးကြိုးစက်ရုံမှ အလုပ်ဖြုတ်ခံခဲ့ရသော မြန်မာအလုပ်သမား ၅၁ ဦးသည် ၎င်းတို့၏ အလုပ်ဖြုတ်ခ နစ်နာကြေး ဘတ် ၁,၀၂၀,၀၀၀ (၁...

ထိုင်းနိုင်ငံ ချွန်ပူလီခရိုင်၊ ဘော်ထောင်းမြို့ရှိ မီးကြိုးစက်ရုံမှ အလုပ်ဖြုတ်ခံခဲ့ရသော မြန်မာအလုပ်သမား ၅၁ ဦးသည် ၎င်းတို့၏ အလုပ်ဖြုတ်ခ နစ်နာကြေး ဘတ် ၁,၀၂၀,၀၀၀ (၁ သန်းကျော်) ကို နိုဝင်ဘာ ၁၂ ရက်တွင် ပြန်လည်ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့် WAG အဖွဲ့မှ သိရသည်။ ယခုနှစ် ဇွန်လ ၂၅ ရက်တွင် စစ်ဆေးရေးဝင်ရောက်ခဲ့၍ စက်ရုံပိတ်သိမ်းရမည်ဟု အကြောင်းပြကာ အလုပ်ဖြုတ်ခံခဲ့ရသည့် အဆိုပါ အလုပ်သမားများသည် နစ်နာကြေးရရှိရန် ဇူလိုင်လမှ စတင် အကူအညီတောင်းခံခဲ့ပြီး၊ FED အဖွဲ့အစည်းနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ စီ ရရှိခဲ့ခြင်းဖြစ်သည်။ နစ်နာကြေးပေးဆောင်မှုအပြင် ၎င်းတို့၏ ဗီဇာသက်တမ်းတိုးခြင်းကိုလည်း ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

23