ပြင်သစ်လက်ရွေးစင်အသင်းသည် မနေ့က ယှဉ်ပြိုင်ကစားခဲ့သော ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ယူကရိန်းအသင်းကို (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့သောကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်ကို ရရှိခဲ့ကြောင်း သိရသည်။ ဘာပေ၊ အိုလီဆေးနှင့် အက်ကီတီကီတို့၏ ဂိုးများဖြင့် အနိုင်ရခဲ့သော ပြင်သစ်အသင်းသည် ဥရောပဇုန်တွင် အင်္ဂလန်၏နောက် ဒုတိယမြောက် ခြေစစ်ပွဲအောင်မြင်သည့်အသင်းဖြစ်လာခဲ့ပြီး၊ ကမ္ဘာ့ဖလားပြိုင်ပွဲကို (၈) ကြိမ်ဆက်တိုက် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခြင်ဖြစ်သည်။ ပြင်သစ်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားဝင်ခွင့်ရသည့် (၂၉) သင်းမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ ၎င်းတို့သည် ကမ္ဘာ့ဖလားပြိုင်ပွဲကို (၁၆) ကြိမ် ယှဉ်ပြိုင်ဖူးကာ ချန်ပီယံဆု (၂) ကြိမ် ရရှိဖူးသည်။
Nov 14 • 2:49 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 37 | 0 | 0 | 0 |


