ပြည်တွင်း စားဖိုဆောင်သီးနှံ စျေးကွက်မှာ ကြူကုတ်ကြက်သွန်ဖြူက စျေးတက်လာပြီး ဒေသထွက် ရှမ်းကြက်သွန်ဖြူတွေက အမျိုးအစားအလိုက် စျေးနှုန်းတွေ ကျဆင်းလာတယ်လို့ ပွဲရုံတွေဆီက သိရပါတယ်။ ကြူကုတ်ကြက်သွန်က တရုတ်ကနေ တင်သွင်းရတာဖြစ်ပြီး လက်ရှိမှာ ပစ္စည်းဝင်ရောက်မှု နည်းတဲ့ အခြေအနေကြောင့် စျေးကွက်မြင့်လာတာဖြစ်ကြောင်း၊ ရှမ်းကြက်သွန်ကတော့ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းခြင်းနဲ့ အရည်အသွေးကောင်းတာ ရှားလာတဲ့အတွက်ကြောင့် စျေးကျလာ တာဖြစ် တယ်လို့သိရပါတယ်။ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ကြူကုတ်တစ်ပိဿာကို ၁၅,၀၀၀ ကျပ်မှ ၁၅,၅၀၀ ကျပ်ရှိပြီး လက်လီ စျေးကွက်မှာတော့ တစ်ပိဿာကို ၁၈,၀၀၀ ကျပ် လောက်အထိ ရှိနေတယ်လို့ သိရပါတယ်။ရှမ်းကြက်သွန်ဖြူတွေကတော့ အောင်ပန်းကုန်စည်စျေးကွက်မှာ အောင်ပန်းထူး ၂ က ၃,၀၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၄,၀၀၀ ကျပ်၊အောင်ပန်းထူး ၄က ၅,၀၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၆,၀၀၀ ကျပ် ၊အောင်ပန်းထူးလွန်က၈၀၀၀ကျပ်ဖြစ်ပါတယ်။
| 31 | 0 | 0 | 0 |


