back

တရုတ်သမ္မတ ဇနီးနှင့် စပိန်နိုင်ငံ မိဖုရားတို့ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာအား သွားရောက်လေ့လာကြည့်ရှု

Nov 14 • 2:18 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်သမ္မတ ဇနီးနှင့် စပိန်နိုင်ငံ မိဖုရားတို့ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာအား သွားရောက်လေ့လာကြည့်ရှု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ ၏ မ...

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဇနီး ဖုန်လိယွမ်သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်လာရောက်သော စပိန်နိုင်ငံ ဘုရင် ဖိလစ် ၆ ၏ မိဖုရား လဲတီဇီးယားနှင့်အတူ ပေကျင်းမြို့ မသန်စွမ်းသူများ ဝန်ဆောင်မှု သရုပ်ပြစင်တာအား သွားရောက် လေ့လာကြည့်ရှုခဲ့သည်။နှစ်နိုင်ငံခေါင်းဆောင်၏ ဇနီးများက မုန့်ဖုတ်နည်းပညာမွမ်းမံသင်တန်း၊ လက်မှုပစ္စည်း ပြုလုပ်မှုနှင့် ပန်းချီရေးဆွဲမှု လုပ်ဆောင်နေသော မသန်စွမ်းသူများနှင့် ရင်းရင်းနှီးနှီး ပြောဆိုဖလှယ်ခဲ့ကြပြီး ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှုလုပ်နေသော မသန်စွမ်းကလေးသူငယ်များကို အားပေးနှစ်သိမ့်ခဲ့သည်။လဲတီဇီးယားက တရုတ်နိုင်ငံ မသန်စွမ်းသူလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အထူးသဖြင့် အမျိုးသမီး မသန်စွမ်းသူများ၏ အခြေအနေအား အသေးစိတ်လေ့လာမေးမြန်းခဲ့ပြီး တရုတ်နိုင်ငံက ရရှိထားသည့် အောင်မြင်မှုများအပေါ် အထူးချီးမွမ်းပြောကြားခဲ့သည်။

news-view-count-icon

14