တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်တွင် ခြောက်နှစ်ကြာ ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ခဲ့သည့် ရှေးဟောင်းသုတေသန စစ်တမ်းကောက်ယူမှုတစ်ခုတွင် သမိုင်းမတိုင်မီခေတ်မှ ဆန်းမင်းဆက် (ဘီစီ ၁၆၀၀-၁၀၄၆) အထိ ရှေးဟောင်းကျောက်ခံတပ် အခြေစိုက်ရာနေရာ ၅၇၃ ခုကို တွေ့ရှိခဲ့သည်။အဆိုပါကျောက်ခံတပ် အခြေစိုက်ရာနေရာများသည် ယန်ရှောက်ယဉ်ကျေးမှုခေတ်နှောင်းပိုင်းတွင် ဘီစီ ၂၈၀၀ ခန့်မှ ဆန်းနှင့်ကျိုး (ဘီစီ ၁၀၄၆-၂၂၁) မင်းဆက်များတွင် ဘီစီ ၁၀၀၀ ခန့်အထိ ကြာမြင့်ခဲ့ကြောင်း စစ်တမ်းကောက်ယူမှုကဖော်ပြခဲ့သည်။အများအားဖြင့် မြစ်ကမ်းနံဘေးတစ်လျှောက် ဖြန့်ကြက်တည်ရှိသော ကျောက်ခံတပ်များကို ခုခံကာကွယ်သည့် ကျောက်နံရံများမပါဘဲ သာမန်အခြေချနေထိုင်ရာနေရာများစွာဖြင့် ဝန်းရံထားပြီး ရှင်းလင်းသော အုပ်စုဖွဲ့ဆက်ဆံရေးကို ညွှန်ပြနေကြောင်း အဖွဲ့ခေါင်းဆောင် မာမိန်ကျစ်က ပြောကြားခဲ့သည်။
Nov 14 • 2:16 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 14 | 0 | 0 | 0 |


