ဘရာဇီးအသင်းသို့ နည်းပြအဖြစ် ကာလို အန်ဆယ်လော့တီရောက်ရှိလာပြီး နောက်ပိုင်းမှစ၍ ဘရာဇီး အသင်း တိုးတက်လာခဲ့ကြောင်း ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး ဗီနီးဆီးယက်စ်ဂျုနီယာက နိုဝင်ဘာ ၁၂ ရက်က ပြောကြားခဲ့သည်။ကမ္ဘာ့ဖလားချန်ပီယံဆုကို ၅ ကြိမ်ဆွတ်ခူးထားသည့် ဘရာဇီးအသင်းမှာ ကမ္ဘာ့ဘောလုံးလောက၏ အကြီးမားဆုံးပြိုင်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် နိုဝင်ဘာ ၁၅ ရက်၌ လန်ဒန်မြို့တွင် ဆီနီဂေါ၊ နိုဝင်ဘာ ၁၈ ရက်၌ လိုင်လီမြို့တွင် တူနီးရှားအသင်းနှင့် ခြေစမ်းပွဲများကစားမည်ဖြစ်သည်။အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်ကို တာဝန်ယူခဲ့စဥ် ကစားပေးခဲ့ဖူးသည့် ဗီနီးဆီးယက်စ်က အဆိုပါ ခြေစမ်းပွဲများအား အလေးအနက်ထားကစားကြရန် ၎င်း၏ ဘရာဇီးကစားဖော်များအား တိုက်တွန်းထား သည်။၂၀၀၂ ကမ္ဘာ့ဖလားပြိုင်ပွဲနောက်ပိုင်းမှစ၍ ဘရာဇီးမှာ ကွာတားဖိုင်နယ်အဆင့်သို့ ၄ ကြိမ်၊ ဆီမီးဖိုင်နယ်အဆင့်သို့ ၁ ကြိမ် တက်ရောက်နိုင်ခဲ့သည်။
Nov 14 • 2:15 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 23 | 0 | 0 | 0 |


