ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းမှာ ဘန်ကောက်မြောက်ဘက် နွန်တပ်ဘူရီမှာ စိတ်ကြွဆေးပြားနှစ်သန်းကျော် သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းမြောက်ပိုင်းနယ်စပ်ကနေ ဘန်ကောက်ကို မူးယစ်ဆေးတင်သွင်းနေတဲ့ကွန်ယက်ကို စုံစမ်းဖမ်းဆီးရာမှာ သယ်ဆောင်သူမြန်မာတွေ ဖမ်းဆီးခံခဲ့ရတာပါ။ သူတို့နှစ်ဦးဟာ အဖြူရောင် ISUZU ထရပ်ကားမှာ ဂေါ်ဖီထုပ်တွေတင်ပြီး အောက်မှာ မူးယစ်ဆေးတွေ ဝှက်ယူသယ်လာခဲ့ကြပါတယ်။ ဆေးပြားတွေပို့ရမယ့် နွန်တပ်ဘူရီက နေရာတခုအရောက်မှာ ရဲတွေဖမ်းတာခံလိုက်ရပါတော့တယ်။



