back

မကွေးမြို့မှာအိမ်ရာစီမံကိန်းတစ်ခုအကောင်အထည်ဖော်ဆောင်ရွက်သွားဖို့စီစဉ်နေ

Nov 13 • 4:07 AM

breaking-news

မြန်မာ

မကွေး

breaking-news
cover

မကွေးမြို့မှာအိမ်ရာစီမံကိန်းတစ်ခုအကောင်အထည်ဖော်ဆောင်ရွက်သွားဖို့စီစဉ်နေ

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုနဲ့မကွေးမြို့မှာအိမ်ရာစီမံကိန်းတစ်ခုကို အကောင် အထည် ဖော်ဆောင်ရွက်သွားဖို့ရှိတယ်လို့သိရပါတယ်။ မကွေးတိုင်းဒေသကြီး၊ မကွေ...

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကြီးကြပ်မှုနဲ့မကွေးမြို့မှာအိမ်ရာစီမံကိန်းတစ်ခုကို အကောင် အထည် ဖော်ဆောင်ရွက်သွားဖို့ရှိတယ်လို့သိရပါတယ်။ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာ အုပ်စု၊ ချောင်းဖြူကျေးရွာရဲ့ တောင်ဘက်နဲ့ ဖလံရုံကျေးရွာရဲ့ အရှေ့ဘက်၊ မြောက်လတ္တီတွဒ် ၂ဝံ ၆' ၄၀" နဲ့ အရှေ့လောင်ဂျီတွဒ် ၉၄ ၅၇' ၁၁" အတွင်း တည်ရှိတဲ့ ဧရိယာ ၂၀ ဧကခန့် ကျယ်ဝန်းတဲ့ မြေနေရာ မှာ အိမ်ရာစီမံ ကိန်းအသစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားဖို့ရှိတယ်လို့ " မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကအဆိုပါတယ်။အဆိုပါမြေနေရာမှာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က စီမံခန့်ခွဲခွင့် ရှိတဲ့ မြေနေရာဖြစ်ပြီး ၊ လက်ရှိတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တွေကို ဌာနအလိုက် ဟင်းသီးဟင်းရွက်ဇုန်နဲ့ မွေးမြူရေးဇုန်အဖြစ် အသုံးပြုနေတယ်လို့သိရပါတယ်။အခုလို မကွေးမြို့ မှာ အကောင်အထည်ဖော်ဆောင်ရွက် မယ့် အိမ်ရာစီမံကိန်းအတွက် စိတ်ဝင်စား မှုဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest-EoI) ကို လက်ရှိမှာ ခေါ်ယူနေတယ်လို့သိရပါတယ်။ရင်းနှီးတည်ဆောက်လိုတဲ့ ပြည်တွင်း/ ပြည်ပမှ ကုမ္ပဏီ တွေ အနေနဲ့ မကွေးမြို့၊ မယ်လှတောင် ကျေးရွာ အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ဖို့ စိတ်ဝင်စားပါက စိတ်ဝင်စားမှုဖော်ပြခြင်း လျှောက်လွှာ (Eol) ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဆီမှာ တင်ပြလျောက်ထားတာတွေပြုလုပ်သွားနိုင်တယ်လို့သိရပါတယ်။စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ Eol အဆိုပြုလွှာတွေကို ၂၀၂၅ ခုနှစ် ၊နိုဝင်ဘာ ၁၃ ရက်ကစပြီးလာရောက်ထုတ်ယူနိုင်ပြီး ၊ လျှောက်လွှာတွေကို ဒီဇင်ဘာ ၁၃ ရက် နောက်ဆုတ်ထားပြီးအရောက်ပေးပို့လျှောက်ထားသွားနိုင်တယ်လို့သိရှိရပါတယ်။


news-view-count-icon

82