ရခိုင်ပြည် ရသေ့တောင်မြို့နယ် ရခိုင်ရေပိုင်နက် ပင်လယ်ပြင်တွင် နယ်စပ်ကျူးကျော် တရားမဝင် လာရောက် ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၃ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ရွာပျက်အနီး ကမ်းစပ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးမှာ စက်လှေတစ်စီးဖြင့် ခွင့်ပြုချက်မရှိဘဲ ငါးခိုးဖမ်းနေတာ ဖြစ်ပါသည်။ရခိုင်ရေပိုင်နက်ဖြစ်သည့် မောင်တော၊ ရသေ့တောင် ဒေသ ပင်လယ်ပြင်တို့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများသည် နယ်စပ်ကျူးကျော်ဝင်ရောက်လာပြီး ခွင့်ပြုချက်မရှိဘဲ တရားမဝင် ငါးခိုးဖမ်းမှုများ နေ့စဉ်ရှိနေတာ ဖြစ်ပါသည်။
Nov 13 • 4:04 AM
မြန်မာ
ရခိုင်
မျှဝေမည်
| 33 | 0 | 0 | 0 |


