back

ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင် အခြားသစ် ၀ ဒသမ ၆၇၅ တန်ဖမ်းမိခဲ့

Nov 13 • 3:26 AM

breaking-news

မြန်မာ

ရန်ကုန်

breaking-news
cover

ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင် အခြားသစ် ၀ ဒသမ ၆၇၅ တန်ဖမ်းမိခဲ့

ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၅ ရက်တွင် တွံ...

ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၅ ရက်တွင် တွံတေး မြို့နယ် ဘုရားကြီးကျေးရွာ၌ တရားမဝင် အခြားသစ် ၀ ဒသမ ၆၇၅ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁,၀၀၀) ကို သစ်တောဥပဒေအရလည်းကောင်း၊ နိုဝင်ဘာ ၆ ရက်တွင် ရွှေပြည်သာမြို့နယ်အမှတ်(၁၃)ရပ်ကွက်၌ လိုင်စင်မဲ့မော်တော်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၆,၀၈၁,၀၀၀ ကို ဖမ်းဆီးအရေးယူဆောင်ရွက် လျက်ရှိသည်။


news-view-count-icon

17