ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဗုဒ္ဓဟူးနေ့တွင် ပဋိပက္ခပြင်းထန်လာခဲ့ပြီး ကမ္ဘောဒီးယားဘက်ခြမ်း၌ လူတစ်ဦးေ-သဆုံးခဲ့သည်။အငြင်းပွားနယ်စပ်ဒေသတွင် အပြန်အလှန်ပ-စ်ခ-တ်မှုဖြစ်ပွားခဲ့ခြင်းနှင့် ပတ်သက်၍ တစ်ဖက်ကိုတစ်ဖက် အပြစ်ဆိုခဲ့ကြပြီး အမေရိကန် က ကြားဝင်ပေးခဲ့သော အပ-စ်အခ-တ်ရပ်စဲရေး သဘောတူညီချက်ကို အန္တရာယ်ရှိလာစေခဲ့သည်။ နိုဝင်ဘာ၁၂ရက်ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် ညနေ ၃း၅၀ နာရီတွင် အငြင်းပွားနေသော နယ်စပ်ရွာအနီး၌ ထိုင်းတပ်များကစ၍ ပ-စ်ခဲ့ကြောင်း ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ပ-စ်ခ-တ်မှုတွင် လူတစ်ဦးေ-သဆုံးကာ သုံးဦးဒ-ဏ်ရာရခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်းဆူဝရီးကမူ ကမ္ဘောဒီးယားစစ်သားများက ထိုင်းနိုင်ငံဘက်ကို အရင်ဦးစွာပ-စ်ခ-တ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။



