ဘန်ကောက်မြို့က အဓိကလမ်းမကြီးအများအပြားမှာ ကြာသပတေးနေ့ (နိုဝင်ဘာ ၁၃) က ရေကြီးမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့ပါတယ်။ မနက်အစောပိုင်း ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ရေနုတ်မြောင်းစနစ်တွေက မနိုင်တော့တဲ့အခါ Ratchadaphisek လမ်းမှာ အဆိုးရွားဆုံး ရေကြီးနေပါတယ်။Phahonyothin ရဲစခန်း က အရေးပေါ် ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး၊ အန္တရာယ်ရှိလောက်အောင် ရေမျက်နှာပြင် မြင့်တက်နေတာကြောင့် Ratchadaphisek လမ်းရဲ့ Ratchayothin လမ်းစုံကနေ Ratchada-Ladprao လမ်းစုံအထိ မြို့တွင်းဝင် လမ်းကြောတွေကို ယာယီ ပိတ်လိုက်တယ်လို့ အသိပေးထားပါတယ်။အကြံပြုထားတဲ့ တခြားလမ်းကြောင်းတွေကတော့ Vibhavadi Rangsit လမ်း၊ ရေမလွှမ်းတဲ့ Ladprao လမ်းအပိုင်းတွေ၊ ဒါမှမဟုတ် လမ်းကြားလေးတွေကနေ သွားလာဖို့ ဖြစ်ပါတယ်။ဒါပေမဲ့ ယာဉ်မောင်းတွေအနေနဲ့ သူတို့ရွေးချယ်လိုက်တဲ့ ရှောင်ကွင်းလမ်းတွေမှာ ယာဉ်ကြောအခြေအနေနဲ့ ရေအခြေအနေတွေကို မထွက်ခွာခင် စစ်ဆေးကြဖို့လည်း အကြံပြုထားပါတယ်။
Nov 13 • 2:09 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 33 | 0 | 0 | 0 |


