စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ပေါမိုင်း အုပ်စု၊ ကွင်းအမှတ်(၄)၊ တောင်သူဦးဆန်းလှိုင်၏ လယ်အတွင်းယမန်နေ့နံနက်(၁၀)နာရီ အချိန်က ပြုလုပ်ခဲ့သည်။ထို့လယ်ရှိ မိုးစပါးစံကွက်အားရိတ်သိမ်းရာ တစ်ဧကလျှင်အထွက်နှုန်း အစိုတင်း(၁၀၉)တင်း ထွက်ရှိကြောင်းသိရသည်။ အဆိုပါစံကွက်ကို စိုက်ပျိုးရေးဌာနမှပေးအပ်သည့် ဆင်းဧကရီ-၃ အထွက်ကောင်းမျိုးစိုက်ပျိုးခြင်းဖြစ်ပြီး ပန်းတိုင်အထွက်နှုန်းမှာ တစ်ဧကတင်း(၁၀၀)ဖြစ်သည်။ ခန္တီးမြို့တွင် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါးစိုက်ဧက လယ် (၃,၀၃၁)ဧကနှင့် တောင်ယာ(၅,၂၇၅)ဧက စုစုပေါင်း မိုစပါးစိုက်ဧက(၈,၃၀၆)ဧက စိုက်ပျိုးခဲ့ရာမှ ယခုလက်ရှိအချိန်အထိ (၂,၃၇၈)ဧက ရိတ်သိမ်းပြီးဖြစ် ပါသည်။
Nov 13 • 2:08 AM
မြန်မာ
စစ်ကိုင်း
မျှဝေမည်
| 20 | 0 | 0 | 0 |


