back

ဂုတ်ထိပ်တံတား ပြင်ဆင်ပြီးဖြစ်လို့ ရူ့ခင်းကြည့် RBE ရထား တွေ ပြန်လည်ပြေးဆွဲ ပေးသွားမယ်

Nov 12 • 9:33 PM

breaking-news

မြန်မာ

ရှမ်း

cover

ဂုတ်ထိပ်တံတား ပြင်ဆင်ပြီးဖြစ်လို့ ရူ့ခင်းကြည့် RBE ရထား တွေ ပြန်လည်ပြေးဆွဲ ပေးသွားမယ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြရဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို မြန်မာ့မီးရထား အင်ဂျင်နီယာတွေက ရှေးမူရင...

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်ရှိ ရှေးဟောင်းအမွေအနှစ် ဂုတ်ထိပ်တံတားကြရဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေကို မြန်မာ့မီးရထား အင်ဂျင်နီယာတွေက ရှေးမူရင်းလက်ရာ ဒီဇိုင်းအတိုင်း အောင်မြင်စွာ ပြန်လည်ပြင်ဆင်ပြီးစီးခဲ့ပြီးဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက သိရပါတယ်။မိုင်းထောင်ဖျက်ဆီးခံရတာကြောင့် တံတားကြီးရဲ့ လားရှိုးဘက်အခြမ်းကမ်း ကပ်ခုံနဲ့ တံတားတိုင်အမှတ် ၁၆ အကြား တံတားသံဘောင်နှစ်ဖက်စလုံး ကျိုးကျပျက်စီးခဲ့ရပြီး၊ ယင်းပျက်စီးသွားတဲ့ တံတားသံဘောင်နေရာတွေမှာ မြန်မာ့မီးရထား အင်ဂျင်နီယာဌာနရဲ့ တံတားဘောင် အလုပ်ရုံ(ရန်ကုန်)က ထုတ်လုပ်တဲ့ သံဘောင်တွေနဲ့ ရက်ပေါင်း ၇၆ ရက်အတွင်း ပြန်လည်အစားထိုးတပ်ဆင်ကာ ရှေးမူမပျက် ပြန်လည်ပြင်ဆင်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 





news-view-count-icon

17