back

ဦးဆောင်ဂိုး တစ်လုံးတည်းဖြင့် အနိုင်ရခဲ့သည့် တိုကျိုဗာဒီအမျိုးသမီးအသင်း

Nov 12 • 9:32 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဦးဆောင်ဂိုး တစ်လုံးတည်းဖြင့် အနိုင်ရခဲ့သည့် တိုကျိုဗာဒီအမျိုးသမီးအသင်း

ယနေ့ အာရှအမျိုးသမီးချန်ပီယံလိဂ်အုပ်စုဒုတိယအဆင့်ပွဲစဉ်၌ ISPE နှင့် တိုကျိုဗာဒီအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဦးဆောင်ဂိုးတစ်လုံးတည်းဖြင့် တိုကျိုဗာဒီအမျိုးသ...

ယနေ့ အာရှအမျိုးသမီးချန်ပီယံလိဂ်အုပ်စုဒုတိယအဆင့်ပွဲစဉ်၌ ISPE နှင့် တိုကျိုဗာဒီအမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားရာ ဦးဆောင်ဂိုးတစ်လုံးတည်းဖြင့် တိုကျိုဗာဒီအမျိုးသမီးအသင်းက အနိုင် ရလဒ်ထွက်ပေါ်ခဲ့သည်။အဆိုပါ သွင်းဂိုးကို ပထမပိုင်းပွဲချိန်အတွင်းမှာပင် တိုကျိုဗာဒီအမျိုးသမီးအသင်းက သွင်းယူခဲ့ခြင်းဖြစ်ကာ၊ ဒုတိယပိုင်း ပွဲချိန်အတွင်း ပြိုင်ဖက်နှစ်သင်းအနေဖြင့် နောက်ထပ်သွင်းဂိုး ၊ ချေပဂိုးများ မသွင်းယူနိုင်ဘဲ ပွဲပြီးဆုံးခဲ့သည်။အာရှအမျိုးသမီးချန်ပီယံလိဂ်ဘောလုံးပြိုင်ပွဲရဲ့အုပ်စုအဖွင့်ပွဲစဉ်အတွင်းမှာပင် မြန်မာအမျိုးသမီးအသင်း(ISPE)သည် တောင်ကိုရီးယားအမျိုးသမီးအသင်း (Suwon FC)အသင်းကို (၅)ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။ လာမည့် နိုဝင်ဘာ (၁၅)ရက် ည (၇)နာရီအချိန်တွင် မြောက်ကိုးရီးယားကလပ် Naegohyang အသင်းဖြင့် ထပ်မံယှဉ် ပြိုင်သွားကြရမည်ဖြစ်သည်။




news-view-count-icon

28