နိုဝင်ဘာ ၁၁ ရက် ၊ ညနေ ၄:၂၅ နာရီခန့်ကထိုင်းနိုင်ငံ ဖက်ခ်ျဘူရီမှာ တရားမဝင် ဝင်ရောက်လာပြီး လမ်းဆောက်လုပ်ရေးအလုပ် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၈ ဦး ဖမ်းဆီးခံရတယ်လို့ ထိုင်းသတင်းဖော်ပြချက်တွေအရသိရပါတယ်။စစ်ဆေးရေးအဖွဲ့ဟာ သာယန်းခရိုင်၊ ဖက်ချ်ဘူရီခရိုင်ရှိ ကန့်ဘွတ်ကျေးရွာအနီးက ဆောက်လုပ်ရေးလုပ်ငန်းခွင် ၃ ခုကို စစ်ဆေးရာမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား ၈ ဦး ကို စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ဖမ်းဆီးရမိသူများထဲ မှာ အလုပ်သမားကဒ်ပြား မရှိသူ ၂ ဦးနဲ့ နိုင်ငံကူးလက်မှတ် မရှိသူ ၆ ဦး ပါဝင်တယ်လို့လည်းသိရပါတယ်။



